မုဒုံ၊ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ဝက်တဲကျေးရွာ ရွာအဝင်လမ်းတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာရှိ အိမ်ရှင်ဒေါ်ပိန်နေအိမ်၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာသို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၅ × ၃၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး၊ အနီးရှိ (၁၅ × ၄၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး စုစုပေါင်း နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ် ပွားရာနေရာသို့ မုဒုံမြို့နယ်မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၇)ဦး၊ ကျေးရွာသူ/ ကျေးရွာသားများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၃)စီးတိုြ့ဖင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment