ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်

 


နေပြည်တော်  (၂၇-၁၂-၂၀၂၁) ရက်နေ့

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့အနေဖြင့် တပ်မတော် ဆေးသုတေသန တပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြန်လည် ရောက်ရှိလာသူများ အနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများထံမှ ဓါတ်ခွဲနမူနာ (၂၀) ခုအား ရယူ၍ (၂၇-၁၂-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် SARS-CoV-2 Variant Omicron Real Time PCR Testing နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မတွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)