တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်



ကန်ကြီးထောင့်၊ ဒီဇင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဝါးဒူးကျေးရွာရှိတောင်သူအသိပညာပေး ရှေ့တန်းစခန်း၌ ယနေ့မွန်းလွဲ ၁ နာရီကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်တောင်သူ ၉၆ ဦး၏ လယ်ဧက ၉၀၁ ဧကအတွက် ယူရီးယား ဓာတ်မြေဩဇာ ၃၁ အိတ်အား တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် တောင်သူဦးနေစိုး၏ မျိုးစေ့ထုတ်လယ်ဧက ၄၀ အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုပေါင်းပြုလုပ်သည့် ပေါ်ဆန်းဘေးကြား မျိုးကွဲနှုတ်ပယ်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာ ၇၉ အုပ်စုမှတောင်သူ ၇၅၆၁ ဦး၏ လယ်ဧက ၆၉၅၆၄ ဧကအတွက် စုစုပေါင်း ဓာတ်မြေဩဇာ အိတ်၂၄၃၈ အိတ်အား ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - လှမင်းထွဋ်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)