မင်းလှ၊ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်ကျေးရွာအုပ်စု အတွင်း လှည့်လည် ၍ Hand Speaker ဖြင့် အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများက အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်း မာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးများအား မပျက်မကွက် ထိုးနှံကြရန် စသည့်တို့အား အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ပေါက်စ (မင်းလှ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment