မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက် ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက် ရောက်




မကွေး၊ ဒီဇင်ဘာ  ၁၀

မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုရအားကစားသမားများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဆွဲပြား များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ  ကျောင်းသား/သူများ အချင်းချင်း တွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် ခိုင်မာလာပြီး တိုင်းဒေသကြီး ဂုဏ်ဆောင် နိုင်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး အားကစားပြိုင် ပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ကျင်းပခဲ့ပြီး၊ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်များက မီတာ(၁၀၀)အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ခြင်း၊ မီတာ (၄၀၀) အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ခြင်း၊ မီတာ (၈၀၀) ပြေးခုန်ပစ်ပြိုင်ခြင်းများ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈)နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသား/အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲ ဆုရရှိသူများ၊ မီတာ (၈၀၀) ဆုရရှိသူများ၊ အလျားခုန်ပြိုင်ပွဲ ဆုရရှိသူများ၊ သံလုံးပြိုင်ပွဲ ဆုရရှိသူများ၊ တန်းမြင့်ခုန်ပြိုင်ပွဲ ဆုရရှိ သူများ၊ လှံတန်ပြိုင်ပွဲ ဆုရရှိသူများ၊ သုံးဆင့်ခုန်ပြိုင်ပွဲဆုရရှိသူများ၊ မီတာ(၂၀၀)ပြိုင်ပွဲဆုရရှိသူများနှင့် တံခွန်စိုက်ဆုရရှိခဲ့သော မြို့နယ်အသင်းတို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဆွဲပြားများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)