သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 

သင်္ဃန်းကျွန်း၊ ဒီဇင်ဘာ   ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီ အချိန်ထိ သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ဉီးစံဖေရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရပ်ကွက်များအတွင်း နေထိုင်သောအသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အသက် (၁၀)နှစ် ပြည့်မှတ်ပုံတင်(၃၀)ကတ်၊ အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင်(၂၅)ကတ်၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၅)ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အခြားရပ်ကွက်များသို့လည်း အလှည့်ကျကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူး ဦးရဲထွန်းထံမှ သိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းကို မြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်လဝကဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ရပ်ကွက် များအတွင်း လှည့်လည်နှိုးဆော်ပေးခြင်း၊ လူစည်ကားရာ နေရာများတွင်  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

သတင်း - စန္ဒာမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)