မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး


မြင်းခြံ၊ ဒီဇင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် အဖြစ် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံ နှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၉)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ ဗိမာန်တို့တွင် ဒီဇင်ဘာ ၇ ရက်နေ့မှစတင်၍ ထိုးနှံပေး လျက်ရှိပြီး၊ ဒီဇင်ဘာ ၁၃ ရက်တွင် မြင်းခြံမြို့နယ်မှ အသက်(၁၈)နှစ်အထက် ပြည်သူ (၅၈၅) ဦးကို ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ စုစုပေါင်း (၁၆၂၈)ဦးရှိပြီဖြစ်ကြောင်းနှင့် အခြားကျန်ရှိသည့် ပြည်သူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးသွားမည်    ဖြစ်ကြောင်း၊ မှတ်ပုံတင်ကတ်(သို့မဟုတ်) အိမ်ထောင်စုလူဦးရေစာရင်းစာရွက် ယူဆောင် လာရန်သာလိုအပ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)