ညောင်ဦးမြို့နယ်တွင် ပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိ

 



ညောင်ဦး၊ ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ ဒေသခံပြည်သူများ ဘုရား၊ ကျောင်းကန်များတွင် ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံကသိရ သည်။

ညောင်ဦးမြို့ပေါ်လမ်းမများတွင် ဒေသခံပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့်နေရာများတွင်လည်း ယနေ့တစ်ရက်ထဲ ၁၂၀၀ ဦး လာရောက်ထိုးနှံကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးသည့် ရွှေစည်းခုံဘုရား ဝေဇယန္တာ ဓမ္မဗိမာန်တော်ကြီးတွင် လည်းကောင်း၊ ပုဂံမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် လည်းကောင်း၊ စဉ့်ကူးနယ်မြေ၊ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ်ပြည်သူ့ ဆေးရုံတွင် လည်းကောင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံလျက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ယနေ့တစ်ရက်တည်းတွင် ၁၂၀၀ ဦး လာရောက်ထိုးနှံကြကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

သတင်း - ယွန်းဝတီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)