ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရန်ကုန်မြို့ပေါ်တွင် NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများက အသံတိတ်တသပိတ် ဆင်နွှဲနေချိန်တွင် ဖော်ပြပါ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံအားပေးခြင်းမရှိသော ပြည်သူများက အကြမ်းဖက်နှိမ်နင်းရေးနှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲကို ကျင်းပခဲ့ကြသည်။
NLD, CRPH, NUG, PDF အကြမ်းဖက်သမားများ၏ နောက်ကွယ်မှ အကြမ်းဖက်အားပေး အမေရိကန်နိုင်ငံနှင့် EU နိုင်ငံတချို့မှ ငွေကြေး၊ လက်နက်ထောက်ပံ့ပေးလျက်ရှိပြီး ပြည်တွင်းနေ ၎င်းတို့အား ထောက်ခံသည့် လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုးရွားဆုံး ကျူးလွန်ခဲ့ကြသည်။
NLD, CRPH, NUG, PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာ ၁၄ပါး အပါအဝင် ရဟန်းရှင်လူ ပြည်သူ ၁၅၀၀ကျော်အထိ သေဆုံးခဲ့ရပြီး အကြမ်းဖက်အဖွဲ့များကို ဆန့်ကျင်ကန့်ကွက်ပွဲများ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် ကျင်းပလာသည်ကို တွေ့မြင်ရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက အကြမ်းဖက်အဖွဲ့များ၏ အသံတိတ် သပိတ်ဆင်နွှဲနေသည့်အပေါ် "အသံတိတ်သပိတ်ဆိုတာက လူကြားကောင်းအောင် နာမည်တပ်တာပဲဖြစ်ပါလိမ့်မယ်။ လမ်းပေါ်မထွက်ရဲကြတော့ဘူးလေ။ သူတို့ရဲ့ ခေါင်းဆောင် ဂျင်မီ၊ ဇေယျာသော်တို့ကို ဖမ်းမိပြီးကတည်းက အဲဒီကောင်တွေက ဖော်ထုတ်လို့ သူတို့ အဖမ်းခံရတော့မယ်ဆိုတာကို သိလာကြတော့ ကြံရာမရ အသံတိတ်သပိတ်လို့ ခေါင်းစဉ်တပ်လိုက်တာပါ။ သူတို့ကတော့ ဒါမျိုးတွေ လုပ်စားနေကြတာဆိုတော့ နောက်လည်း လာပါလိမ့်မယ်အုံးမယ်။ ဘာသပိတ်၊ ညာသပိတ် ဆိုပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ လူမျိုးခြား၊ ဘာသာခြား ပေးကမ်းထောက်ပံ့တဲ့ ငွေကြေး၊ လက်နက်ကို ယူပြီး ကိုယ့်ပြည်သူအချင်းချင်း သတ်ဖြတ်နေရုံမျှမက သံဃာတော်တွေ၊ ဆရာ/ဆရာမတွေပါမချန် လုပ်ကြံသတ်ဖြတ်နေကြတဲ့ NLDပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အမည်မျိုးစုံနဲ့ အကြမ်းဖက်အဖွဲ့တွေကို ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။" ဟု ပြောသည်။
ယနေ့ ရန်ကုန်မြို့တွင် လှည်းတန်းနှင့် ဆူးလေ ၂နေရာတွင် အကြမ်းဖက်အဖွဲ့အစည်းများကို ကန့်ကွက်ရှုတ်ချပွဲများ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment