ကျောက်ဆည်မြို့နယ် ကျေးရွာသုံးရွာတွင် သောက်သုံးရေဖူလုံစေရေး အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကျေးရွာသုံးရွာတွင် သောက်သုံးရေဖူလုံစေရေး အကောင်အထည်ဖော်ဆောင်ရွက်






ကျောက်ဆည်၊ ဒီဇင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရကာ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်သန်းလေးဆယ်ကျော်ဖြင့် ကြောင်၊ သင်တောင်း၊ ရှားပင်ကျေးရွာ များတွင် သောက်သုံးရေဖူလုံ စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြောင်ကျေးရွာ၌ ခွင့်ပြုရန်ပုံငွေ(၁၇.၆၂၁)ကျပ်သန်းဖြင့် ရေဂါလံ (၅၀၀၀) ဆံ အုတ်ရေကန်တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာ တွင်း ရေသွယ်တန်းခြင်းအတွက် အကျယ်(၂)ပေ (VPC) ရေပိုက်(၆၀၀၀)ပေ၊ သင်တောင်းကျေးရွာ၌ ခွင့်ပြုရန်ပုံငွေ (၁၆.၇၀၂)ကျပ်သန်းဖြင့် အကျယ်(၂)ပေ အနက်(၃၀၀)ပေ အစမ်းတွင်း တစ်တွင်း၊ အကျယ်(၄)ပေ အနက်(၃၀၀) စက်ရေတွင်းတစ်တွင်း၊ အလျား(၅)၊အနံ(၅)ပေ၊အမြင့်(၇)ပေ ရေစက်ရုံ တစ်ရုံ၊ ရေဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တစ်ခု၊ ရှားပင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ (၁၃.၃၈၅)ကျပ် သန်းဖြင့် ကျေးရွာအတွင်း ရေသွယ်တန်းရန်အတွက် အကျယ်(၂)ပေ (VPC)ရေပိုက် အရှည်(၉၂၀၀) ပေနှင့် လိုင်းကျင်းတူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)