နွားထိုးကြီး၊ ဒီဇင်ဘာ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအားပဉ္စမ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက်၊ (၃၅၅)ဦးအား ထိုးနှံပေးပြီး စုစုပေါင်း (၄၀၀၇၄) ဦးအား အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ် မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သန်းအောင်ဇော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment