အမျိုးသားမြေအသုံးချမှုကောင်စီ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီ ပထမအကြိမ် စည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားမြေအသုံးချမှုကောင်စီ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီ ပထမအကြိမ် စည်းဝေး


နေပြည်တော်၊ ဒီဇင်ဘာ ၃

အမျိုးသားမြေအသုံးချမှုကောင်စီ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက OneMap Myanmar စီမံကိန်းကို ဆောင်ရွက်လာခဲ့ရာ ခြောက်နှစ် ကျော်ကြာခဲ့ ပြီဖြစ်ကြောင်း၊ အဓိကရည်ရွယ် ချက်မှာ မြန်မာနိုင်ငံတွင် စံပြုထားသည့် မြေပုံစနစ်တစ်ခုပေါ် ပေါက်ရန်၊ မြေသယံဇာတအရင်းအမြစ်၊ မြေစီမံခန့်ခွဲမှု၊ မြေပြင်ဆိုင်ရာကိန်း ဂဏန်းအချက် အလက်များ တိကျမှန်ကန်စေရန်၊ မြေပုံစနစ်များ တစ်ပြေးညီဖြစ်စေရန် ဖြစ်ကြောင်း၊ ၂၀၁၅ နှစ်ဦးပိုင်းတွင် Swiss Agency for Development and Cooperation-SDC က ရန်ပုံငွေ ကြေးအကူအညီနှင့် Center for Development and Environment -CDE, University of Bern က နည်းပညာပိုင်းပံ့ပိုး ကူညီပေးခဲ့ပြီး OneMap Myanmar အကောင်အထည်ဖော်ရေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက်ခဲ့ကြောင်း။


ယခုအစည်းအဝေးတွင် လုပ်ငန်း ကော်မတီဝင်များအနေဖြင့် မိမိတို့ဌာနများ၏ OneMap Myanmar စီမံကိန်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဆွေး နွေးတင်ပြသွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ဆက်စပ်ဌာနများမှ OneMap Myanmar စီမံကိန်း လုပ်ငန်းများ နှင့်ပတ်သက်ပြီး တင်ပြချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးခြင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက် များကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာ ပေးခြင်းဖြင့် OneMap Myanmar လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ကောင်းမွန်သော အကြံဉာဏ်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ သက်ဆိုင်ရာ ဌာနများမှ လုပ်ငန်းကော်မတီ အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ၊ တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)၊ ညွှန်ကြားရေးမှူးများ၊ ဘူမိရူပ ဗေဒအရာရှိချုပ်၊ ဘူမိဗေဒအရာရှိ တို့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)