မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံရဟန်းရှင် ပြည်သူ (၃၄၃၃၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံရဟန်းရှင် ပြည်သူ (၃၄၃၃၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး


မြင်းမူ၊ ဒီဇင်ဘာ   ၄

 စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ သာဿနာ့အနွယ်ဝင် ရဟန်းရှင်နှင့် သီလရှင်များ အပါအဝင်    ဒေသခံပြည်သူ (၃၄၃၃၀)ဦး ကိုဗစ်-၁၉ ကာကွယ်‌ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ   ဒေသခံသာဿနာ့ အနွယ်ဝင်များ ပြည်သူများ အပါအဝင်စုစု ပေါင်း (၉၉၀၅၂) ဦးအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် လျာထားဆောင်ရွက် ထားရှိကြောင်း ယခုချိန်ထိ မြို့နယ်အနေဖြင့်   Covid Shield( ၆၂၄  )လုံး  ၊ Sinophan( ၅၃၉၀)လုံးနှင့်   Sinovac ဆေးလုံး (၁၀၆၆) လုံးရရှိခဲ့ပြီး    ပထမအကြိမ်အဖြစ် (၁၈၅၃၁) ဦးနှင့်  ဒုတိယ အကြိမ် (၁၅၇၉၉)ဦး စုစုပေါင်း ဒေသခံရဟန်းရှင်ပြည်သူပေါင်း (၃၄၃၃၀) ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရန် (ဆေးလုံးဝမထိုးရသေးသူ) (၈၀၅၂၀) ကျန်ရှိကြောင်း၊ လက်ရှိအချိန်တွင် မြို့နယ်ပြည်သူ့အားကစားရုံ  (မိုးလုံလေလုံ) အားကစားခန်းမ တစ်နေရာတည်းတွင်သာ  နေ့စဉ် နံနက်(၈)နာရီမှ နေ့လယ် (၁၂) နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း၊ ဆေးထိုးနှံပေးရာတွင် အသက် (၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများလည်းပါဝင်ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူမြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီစောင့် ရှောက်မှု များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်စိုးဖေ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)