တပ်ကုန်းမြို့၌ ကျေးရွာ(၁၁)ရွာအား ရံပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ကျေးရွာ(၁၁)ရွာအား ရံပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ


တပ်ကုန်း၊ ဒီဇင်ဘာ  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၁-၂၁၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာသို့ ရံပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရံပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းတို့က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ များတွင် အကျိုးကျေးဇူးခံစားရမည့်အကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီးနောက် ညွှန်ကြားရေးမှူးနှင့် အတူ ဥတ္တရခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တန်ဟုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်းနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင်ကျေးရွာ (၂) ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဝင် ကျေးရွာ(၉)ရွာမှ ကျေးရွာ တာဝန်ခံများအား ရံပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)