ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကြည့်ရှုအားပေး


နေပြည်တော်၊ ဒီဇင်ဘာ  ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် နေပြည်တော်ကောင် စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာ ရပ်ကွက် ရှိ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တပ်ကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရုံးပိတ်ရက်တွင် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကွင်းဆင်း ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူ များနှင့် တွေ့ဆုံကာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးမှု၊ နိုင်ငံသားတစ်ဦးချင်းစီ၏ လူမှုဘဝဆောင်ရွက်မှု တိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိစေရေးအတွက် အရေးကြီးသည့် အထောက်အထားဖြစ်မှု၊ နောင်လာမည့် ရွေး ကောက်ပွဲ တွင်နိုင်ငံသား အထောက်အထား ကတ်ပြားတစ်ခုခုဖြင့် ကိုင်ဆောင်မဲပေးနိုင်ရေး၊ ရရှိပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားအား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နေ့ချင်းပြီးအခမဲ့ ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဒေသခံပြည်သူများအား ပေးအပ်ကြပြီး တက်ရောက်လာကြသူများကို ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ပါးစပ် နှာခေါင်း စည်း(Masks)များ ဝေငှပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရဟိတအထက်တန်းကျောင်း နာယက ၊ မဟာဗောဓိကျောင်း ဆရာတော် ဘဒ္ဒန္တဥဠုရာဇဗုဒ္ဓိအား ဖူးမြှော်ကြည်ညို၍ ဝန်ကြီး ဌာနမှ ဒေသခံ ပြည်သူများအတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုနှင့် သာသနာရေးဆိုင်ရာ များ လျှောက်ထားကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၅)ခုမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်နေသော်လည်းဆက်စပ်ဌာနများအပါ အဝင် ပြည်သူအားလုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကပ်ပြားသည် နိုင်ငံသားတစ်ဦးအ တွက်မ ရှိမဖြစ်အရေးပါမှု၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိနိုင်မှုတို့အား ပြည်သူများသိရှိနား လည်နိုင်ရေးအတွက် အသိပညာ ပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် အခြေခံ အကျဆုံးနှင့် အရေးကြီး ဆုံးအဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ မိမိတို့၏ရပ်ကွက်/ ကျေးရွာများ အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြု လုပ်ရသေးသူများ၏စာရင်းအား စနစ်တကျပြုစု၍ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး များနှင့်ချိတ်ဆက်ကာ ရှေ့ပြေးလျှောက်လွှာများ ရယူဖြည့်သွင်း ခြင်း၊ ကွင်းဆင်းဆောင်ရွက်နိုင် ရေးအတွက်စီစဉ် ဆောင်ရွက် ပေးခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် သတ်မှတ် ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်းပြီးစီးရေး အတွက် ဆောင်ရွက်ကြရမည်ဖြစ် သဖြင့်ရပ်ကွက်/ ကျေးရွာအလိုက် နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ် ရသေးသူ နိုင်ငံသား များမကျန်ရှိစေ ရေး၊  နိုင်ငံနှင့်ပြည်သူများ အကျိုးအတွက် မဖြစ်မနေဆောင် ရွက်ကြရမည့် စီမံချက် အဖြစ်သတ် မှတ်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရေးတိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တက်ညီလက်ညီပံ့ပိုး ကူညီဆောင် ရွက်ပေးနိုင်ရေးအခြေနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက် လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)