ကျောက်မဲမြို့နယ် ပညာရေးမှူးရုံး လက်လုပ်မိုင်းဖြင့် အပစ်ခံရ(စီစစ်ဆဲ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့နယ် ပညာရေးမှူးရုံး လက်လုပ်မိုင်းဖြင့် အပစ်ခံရ(စီစစ်ဆဲ)


ကျောက်မဲ၊ ဒီဇင်ဘာ  ၁၁

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေး အမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့တွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြု လုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင်လျှက်ရှိပြီးစာသင်ကျောင်းစသည်နေရာများအားမီးရှိခြင်း ဗုံး ခွဲ ခြင်းများကို

လုပ်ဆောင်လျှက်ရှိရာရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး (နောက်ကျောဘက်)အား ယနေ့နနက် ၁၀ နာရီ ၅၅ မိနစ် အချိန်ခန့်က အမည်မသိ လူတစ်စုမှ လက်လုပ်မိုင်းဖြင့် ပစ်ခတ် ဖေါက်ခွဲခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

     အဆိုပါ ပစ်ခတ်ဖေါက်ခွဲမှုကြောင့် ပညာရေးမှူးရုံးနောက်ကျောဘက်ရှိ ပြတင်းတံခါးမှန်အချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ ယင်းလက်လုပ်မိုင်း ဖြင့် လာရောက်ပစ်ခတ်သူများအား ဖမ်းဆီးရရှိနိုင်ရေးတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)