မန္တလေး၊ ဒီဇင်ဘာ ၁၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်ရှိ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ် သော New Hope (Myanmar)Company Limited ၏ တိရိစ္ဆာန်အစာများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု အားပေးရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်းဆောင်ရွက်နေမှု ၊ တွေ့ကြုံ နေရသည့် အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက် လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သော နို့၊ ပဲနို့၊ အချိုရည်အမျိုးမျိုးနှင့် ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Europe & Asia Beverages Company Limited သို့ရောက်ရှိခဲ့ပြီး ကုမ္ပဏီ၏ Executive Director ဦးဇော်ထွန်းနိုင်က စက်ရုံလုပ်ငန်းလည်ပတ်နေမှု ၊ ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ လုပ်ငန်းတိုးချဲ့ဆောင် ရွက်သွားမည့် ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်၊ ကမ္ဘဲကျေးရွာအုပ်စုနှင့် ရေကြည်ပေါက်ကျေးရွာ အုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Aung Kan Bo Motorcycle Industrial Company Limited သို့ရောက်ရှိပြီး ကုမ္ပဏီ၏ Managing Director ဦးကျော်ကျော်မင်း က လုပ်ငန်းဆောင်ရွက်နေမှု ၊ အရည်အသွေးမြင့် ပစ္စည်း များထုတ်လုပ်နိုင် ရေးအတွက် ဆောင်ရွက်နေမှုနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment