ကြံခင်းမြို့နယ် ကျွန်းကြီးကျေးရွာအတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် ကျွန်းကြီးကျေးရွာအတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး


ကြံခင်း၊ ဒီဇင်ဘာ   ၆ 

ကြံခင်းမြို့နယ်ကျွန်းကြီးကျေးရွာအတွင်းရှိရဟန်း၊သံဃာ၊ပြည်သူ(၄၀၀)ဦးအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးရာ ဆေးထိုးစုရပ်သို့လာသောပြည်သူများကိုမှတ်ပုံတင်ကဒ်များဖြင့်စနစ်တစ်ကျထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့ကာကွယ်ဆေးထိုးနှံပြီးသူများကို(၂၈)ရက်မြောက်နေ့တွင်(ဒုတိယ)အကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကြပ်တာဝန်ရှိသူထံမှသိရသည်။ 

အဆိုပါကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေးတာဝန်ကျမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်သက်ဆိုင်ရာကျန်းမာရေးမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)