သီပေါမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး






သီပေါ၊ ဒီဇင်ဘာ   ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် ကျော်လွန်နိုင်စေရန် ရည်ရွယ်၍  မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို သီပေါမြို့နယ် အတွင်းရှိ တောင်မြို့ ရပ်ကွက်၊ သာသနာ ၂၅၀၀ကျောင်းတိုက်၊ မြို့လယ်ရပ်ကွက် မြို့လယ်ဓမ္မာရုံ၊ ပန်းတိမ်တောင် ရပ်ကွက်၊ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်နှင့် လောင်ခွန်ကျေးရွာ စသည့်ဆေးထိုးစုရပ် နေရာ များသို့ ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သီပေါတပ်နယ်မှအရာရှိများက ကြီးကြပ်၍  ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ခင်လေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)