တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်များ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပဉ္စမအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်များ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပဉ္စမအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး





ရေဖြူ၊ ဒီဇင်ဘာ   ၁၇

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော(မွန်)ကျေးရွာ အတွင်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ်(ပထမအကြိမ်) ထိုးနှံပေးခြင်းကို ရေဖြူမြို့ နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော(မွန်)ကျေးရွာ၊ မူလတန်းကျောင်းခန်းမတွင် ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

 ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေ အပေါ်မူတည်၍ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် မြို့နယ်ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က ကြီးကြပ်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာ ရပ်မိရပ်ဖများ၊ လူငယ်များ၊ လူမှုကူညီရေးအဖွဲ့နှင့် လူမှုပရဟိတ အဖွဲ့တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။

သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)