ဝန်ထမ်းသစ်များသည် လူငယ်များဖြစ်သည်နှင့်အညီ နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် မျိုးဆက်သစ်များဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းသစ်များသည် လူငယ်များဖြစ်သည်နှင့်အညီ နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် မျိုးဆက်သစ်များဖြစ်




နေပြည်တော်၊ ဒီဇင်ဘာ ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ထမ်းသစ်များအနေဖြင့် သစ္စာရှိမှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ကျွမ်းကျင်မှုတို့အတွက် မဖြစ်မနေဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသား များ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် ဥပဒေနှင့်အညီ ဝင်/ထွက် သွားလာနိုင်ရေး၊ နိုင်ငံခြားသားများ ဥပဒေနှင့်အညီ ဝင်ရောက်စေရေးနှင့် နိုင်ငံခြားသား တရားမဝင် ဝင်ရောက်မှုမရှိစေရေးတို့အတွက် ဌာန၏ပထမလုပ်ငန်းတာဝန်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တာဝန်ယူ ဆောင်ရွက်ကြရကြောင်း။


နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်း လုပ်ငန်းသည် ဒုတိယလုပ်ငန်းတာဝန်ဖြစ်ပြီး အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင် လုပ်ငန်း ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တတိယလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်သူ့အင်အား စာရင်း ကောက်ယူ ထိန်းသိမ်းရေး လုပ်ငန်းသည်လည်း နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း။


လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ တရားဝင်နယ်စပ်ဂိတ် များတွင် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက် ကြရကြောင်း။


အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသား ဖြစ်မှုဆိုင်ရာ သက်သေအထောက်အထား ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံသား တစ်ဦးချင်းစီအတွက် အလွန်အရေးကြီးကြောင်း၊  ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးရာ မဲမသမာမှုများ များစွာရှိခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအပါအဝင် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့သူဦးရေ အများအပြား ပါဝင်နေသည်ကို စိစစ် တွေ့ရမည်ဖြစ်ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ (၁၈) လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကွင်းဆင်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ယခုဝန်ထမ်းသစ် များသည် ပန်းခင်း စီမံချက်နှင့်အညီ မွေးဖွားလာသည့် ဌာန၏ပန်းခင်းမျိုးဆက်သစ်များဖြစ်ပြီး ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။


ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ e-Government ၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID လုပ်ငန်းကိုလည်း ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း။


ဝန်ထမ်းသစ်များသည် လူငယ်များဖြစ်သည်နှင့်အညီ နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် မျိုးဆက်သစ်များဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး အတွက် ခံယူချက်၊ ယုံကြည်ချက်ရှိပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့် အညီ IT နည်းပညာများနှင့် အင်္ဂလိပ်ဘာသာ စကားတတ်ကျွမ်း နားလည်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပေါ် အကောင်းဆုံးနှင့် အထိရောက်ဆုံး အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့်လည်း ဌာန၏ ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း လိုက်နာ ထိန်းသိမ်းပြီး အဆင့်ဆင့်ကွပ်ကဲကြီးကြပ်သူများ၏ သွန်သင် ဆုံးမမှုများကို နာယူမှတ်သားကြရန်လိုကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသစ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ရုံးချုပ်မှ ဝန်ထမ်းသစ် (၁၃၆) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)