မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်


နေပြည်တော်၊ ဒီဇင်ဘာ ၇

အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN +3 Macroeconomic Research Office-AMRO) မှ ကြီးမှူးကျင်းပသည့် အာဆီယံ+၃ မေခရို စီးပွားရေး သုတေသနရုံး တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား (AMRO’s 10th Anniversary Celebration Event) ကို ယနေ့ မွန်းလွဲပိုင်း တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားသို့ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊  ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ စီးပွားရေးပညာရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး၏ ညွှန်ကြားရေးမှူး Mr. Doi Toshinori က အဖွင့်အမှာစကားပြောကြားပြီး စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး H.E Rajah Indranee က အမှာစကား ပြောကြားသည်။

ဆက်လက်၍ AMRO ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဘရူနိုင်းနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး၊ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးတို့က Video Message ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် နှစ်ပတ်လည်အခမ်းအနားကို ဆွေးနွေးပွဲအစီအစဉ် (၂)ရပ်ဖြင့် ကျင်းပသည်။ ဆွေးနွေးပွဲ အစီအစဉ်(၁)တွင် အာရှငွေရေးကြေးရေး အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများမှ ရုန်းထွက်လာခြင်း (Trauma to Triumph: Rising from the Ashes of the Asian Financial Crisis) နှင့်စပ်လျဉ်း၍ AMRO ၏ စီးပွားရေးပညာရှင် Mr. Khor Hoe Ee က Moderator အဖြစ် ဆောင်ရွက်ကာ ထိုင်းနိုင်ငံဗဟိုဘဏ်၊ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်နှင့် အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်တို့၏ ဒုတိယဥက္ကဋ္ဌဟောင်းများ၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးဟောင်းနှင့် တိုကျို တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခတို့က ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအစီအစဉ်(၂)တွင်  အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) နှင့် ဒေသတွင်း ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်ခြင်း (The Decade Ahead : AMRO and Regional Financial Cooperation) နှင့်စပ်လျဉ်း၍ စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ်မှ ညွှန်ကြားရေးမှူး၊ European Stability Mechanism မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ BIS (Bank for International Settlements) အာရှ-ပစိဖိတ်ဌာနမှ Chief Representative နှင့် အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံးမှ ညွှန်ကြားရေးမှူးတို့က အသီးသီးဆွေးနွေးကြကာ CNA Mediacorp ၏ Presenter  Ms. Avril Hong က Moderator အဖြစ် ဆောင်ရွက်သည်။

အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN +3 Macroeconomic Research Office) အား အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများ၏ မေခရို စီးပွားရေးအခြေအနေနှင့် ငွေရေးကြေးရေး ခိုင်မာမှု တို့ကို ကြီးကြပ်ရန်နှင့် အစီရင်ခံတင်ပြရန်၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများတွင် မေခရိုစီးပွားရေးနှင့် ငွေရေး ကြေးရေးအခက်အခဲများ ဖြစ်ပေါ်နိုင်ခြေကိုစိစစ်၍ အဆိုပါဆုံးရှုံးနိုင်ချေများ အနည်းဆုံးဖြစ်စေရန် မူဝါဒရေးရာအကြံပြုချက်များကို အချိန်မီ ချမှတ်နိုင်ရေးအတွက် ကူညီရန်၊ ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး သဘောတူညီချက်အရ ငွေကြေးဖလှယ်မှု တောင်းဆိုသည့်နိုင်ငံအနေဖြင့် ချေးငွေ ပေးဆပ်ရန် တာဝန်ရှိနေသမျှကာလတလျှောက် ချေးငွေစည်းကမ်းများ လိုက်နာနိုင်ရေး ကြီးကြပ်ရာ တွင် အဖွဲ့ဝင်နိုင်ငံများအား ကူညီပေးရန်ရည်ရွယ်၍ ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)