လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်


နေပြည်တော်၊ ဒီဇင်ဘာ ၇

လူမှုရေးကဏ္ဍသည် ကျယ်ပြန့်သည့်အလျောက် အစိုးရသက်တမ်းကာလအတွင်း ဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သော ကာကွယ် စောင့်ရှောက်ရန်လိုအပ်သည့်  ထိခိုက်လွယ်အုပ်စုများ ဖြစ်သော ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းအောင် နည်းမှန်လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပပြုလုပ် သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ဌာနပိုင် သင်တန်းကျောင်း၊ ဂေဟာများသို့ ရောက်ရှိလာသည့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးရမည့် အမျိုးသမီးများ၏ ဘဝတိုးတက်မြင့်မားရေး အတွက် ၎င်းတို့ပညာသင်ယူခွင့်ရရှိရေး၊ အမှန်တကယ်အကျိုးရှိပြီး လက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူ တတ်မြောက်နိုင်ရေး လိုအပ် သည့် နည်းပညာ၊ ငွေကြေး၊ လုပ်ငန်းများရပ်တည် လည်ပတ်နိုင်အောင် ကူညီပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲသူများ အနေဖြင့်လည်း အမှန်တကယ် ထိရောက်ကောင်းမွန်သော ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေး လူမှုရေး ပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ် ပြီးစီးပါက လူမှုရေးပညာဖြစ်ရပ်စီမံ ခန့်ခွဲသူများ များစွာမွေးထုတ်ပေးနိုင်တော့ မည် ဖြစ်ပါကြောင်း။

၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်အတိုင်း လက်ရှိတွင် အသက်(၈၅)နှစ်နှင့်အထက် အဖိုးအဖွားများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ် (MCCT) တို့တွင် Electronic Cash Transfer (ECT) နည်းလမ်းဖြင့် ပိုမို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရေးအတွက် လူမှုရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်ကို ထူထောင်နိုင်ရေး ဆက်လက်ကြိုးပမ်း ‌ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားရှိသော ကလေးသူငယ်များ ဘဝတစ်သက်တာ ရှင်သန်ရပ်တည်နိုင်ရေး အသက် မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရာတွင် ၎င်းတို့အတွက် လွယ်ကူစွာတတ်မြောက်ပြီး ဝင်ငွေလက်လှမ်းမီရနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ ကို သင်တန်းကျောင်းအနေဖြင့် ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ၎င်းတို့ ဦးဆောင်မှုဖြင့် ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီး ငွေစာရင်းထားသို နည်းပညာရပ်များ အပါအဝင် ၎င်းတို့စီမံခန့်ခွဲမှုဖြင့် Ownership စိတ်ဓါတ် ကိန်းအောင်းလာအောင် လေ့ကျင့်သင်ကြား ပျိုးထောင် ပေးရမည်ဖြစ်ကြောင်း။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူကုန်ကူးခံရသူများ လူ့အဖွဲ့အစည်း အတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို ထပ်မံတိုးချဲ့ ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် လုပ်ငန်းများ ပိုမို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း ယခုအစည်းအဝေးတွင် အဆိုပါ လုပ်ငန်းများ အားလုံးပေါက်မြောက်အောင်မြင်အောင် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်အလိုက် ကာလသတ်မှတ်ချက် (Time Frame) ချမှတ်အတည်ပြုပြီး လစဉ်တိုးတက်မှု အခြေအနေနှင့် ညှိနှိုင်းသုံးသပ်ခြင်းများ ဆက်လက်ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးရုံးမှ ဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေး ဦးစီးဌာနများမှ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ ကာလသတ်မှတ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး တင်ပြချက်တစ်ချက်ချင်းအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများက In Person တက်ရောက်ကြပြီး တိုင်းဒေသကြီး / ပြည်နယ် အဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက Virtual ပုံစံဖြင့် ပါဝင်တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)