တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလေ့ကျင့်ရေးစီမံကိန်းမှ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းထောက်ပံ့ခဲ့ဟု တရုတ်သံရုံးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလေ့ကျင့်ရေးစီမံကိန်းမှ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းထောက်ပံ့ခဲ့ဟု တရုတ်သံရုံးဆို

 




ရန်ကုန်၊ ဒီဇင်ဘာ ၇

တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုလေ့ကျင့်ရေးစီမံကိန်းမှ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် စတင်ဖော်ဆောင်ခဲ့ပြီး ၂ နှစ်တာကာလအတွင်း၌ လေ့ကျင့်မှု ၃၄ ကြိမ်နှင့် သင်တန်းသား သင်တန်းသူပေါင်း ၇၁၀ တက်ရောက်ခဲ့သည်။ ၎င်းတို့အနက် ၈၆% သည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမှဖြစ်ပြီး ၇၀% သည် အမျိုးသမီးသင်တန်းသူများ ဖြစ်သည်။ 

သင်တန်းသား သင်တန်းသူများသည် ဒေသန္တရစိုက်ပျိုးသီးနှံများကို အခြေခံ၍ အာဟာရရှိသော၊ ဘေးကင်းသော၊ သန့်ရှင်းသော၊ အရည်အသွေးမြင့် တန်ဖိုးမြင့် (value added) ထုတ်ကုန်များ ထုတ်လုပ်သည့်စွမ်းရည်ကို လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းမှ မြန်မာနိုင်ငံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေး၍ ဒေသခံလုပ်ငန်းများတိုးတက်မှုနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကို မြှင့်တင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)