သရက်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

သရက်၊ ဒီဇင်ဘာ  ၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြောင်းသိရသည်။

အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာ (၆) ရက်နေ့တွင် ထိုးနှံပေးခဲ့ရာ အထက(၁)သရက်မှ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦး၊ အထက ပုဏ္ဏားမှ(၃၈)ဦး၊ ကပစ(၁၂)မှ (၈)ဦးတို့အား ထိုးနှံပေးခဲ့ပြီး၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် အထကခွဲ လ(၃)မှ (၁၆၀)ဦး၊ အထက(၃)သရက်မှ(၁၂၀)ဦး၊ တလပါးကျေးရွာ အထကမှ (၆၈) ဦးနှင့် ဘော်ကျေးရွာ အထကမှ(၅၂) ဦး အား ထိုးနှံပေးခဲ့သည်။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံး ဘောလ်ပင်နှင့် အာဟာရမုန့်များပေးဝေခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ထက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)