အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 


နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ဒူဘိုင်းကုန်စည်ပြပွဲ၏ အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲ (High- Level Forum) ကို ဒီဇင်ဘာ ၁၀ ရက်က United Arab Emirates (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre)၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံအနေဖြင့် Blue Ocean Economy သမုဒ္ဒရာရေရှည် တည်တံ့စေရေးဆိုင်ရာ ကုလသမဂ္ဂ၏ ရေရှည်တည် တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့် အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြစွာပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံအစိုးရ အချင်းချင်းနှင့်  အစိုးရအဖွဲ့အစည်း များနှင့်သာမက ဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့်လည်း လက်တွဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက် ခြင်းသည် ထင်ရှားသည့်သာဓက တစ်ခုဖြစ် ပါကြောင်း ပြောကြားသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ် ဝပြီး၊ နိုင်ငံ၏ ပထဝီအနေ အထားအရ ကွဲပြားသော ရာသီဥတုများကို ပိုင်ဆိုင်ပါကြောင်း၊ နိုင်ငံ မြောက်ပိုင်းတွင် နှင်းဖုံးသော ရေခဲ တောင်တန်းများတည်ရှိပြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထိုင်းနိုင်ငံ နယ်စပ် အထိ ကမ်းရိုးတန်း အရှည် ကီလိုမီတာ (၃၀၀၀) ခန့်ရှိကြောင်း၊ နိုင်ငံတောင်ဖက်စွန်းတွင် တည်ရှိသော မြိတ်ကျွန်းစု သည် ကျွန်းပေါင်း (၈၀၀) ကျော်ခန့် ရှိပြီး သန္တာကျောက်တန်းများသည်လည်း သဘာဝအတိုင်း တည်ရှိဆဲဖြစ်ကြောင်း၊ ထို့အပြင် သဘာဝသယံဇာတ များရေရှည်တည်တံ့ စေရန်ရည်ရွယ်၍ တည်ထောင်ထားရှိသည့် လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ် အပါအဝင် ရွေ့ပြောင်း ကျက်စားသည့် ငှက်မျိုးများ ရာသီအလိုက် လာရောက်နားခိုရာဒေသများ၊ ပင်လယ် လိပ်မျိုးများ မျိုးမပြုန်း တီးစေရေး ကာကွယ်ထားသည့် ကျွန်းများနှင့် အခြားရေနေသယံဇာတ ထိန်းသိမ်းရေး ဇုန်များလည်း တည်ထောင် ဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့အစည်းအဝေးတွင်ပါဝင်တက်ရောက်သူများအနေဖြင့်  Blue Ocean Economy သမုဒ္ဒရာရေရှည် တည်တံ့ စေရေးဆိုင်ရာ လုပ်ငန်းများတွင်အောင်မြင်စွာ ဦးဆောင်ပါဝင် နေကြသူများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့ အကြုံများကိုအားလုံးနှင့်  လက်တွဲ ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း၊ ယခုဖိုရမ် တွင် နိုင်ငံအသီးသီးမှအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလေ့အကျင့် ကောင်းများ ကိုအခြေခံ၍ မြန်မာနိုင်ငံတွင် အလားတူ ဆွေးနွေးပွဲများကိုအိမ်ရှင်နိုင်ငံ အဖြစ်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် High Level Forum ကို James Michel Foundation၊ UAE နိုင်ငံအစိုးရ နှင့်အာဆီယံ အဖွဲ့တို့ပူးပေါင်း၍ Dubai Expo-2020 ဒူဘိုင်းကုန်စည်ပြပွဲ- ၂၀၂၀ ကာလ အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့်ရေလုပ်ငန်းဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ဝန်ကြီးများနှင့် UAE နိုင်ငံဝန်ကြီး၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်၊   James Michel Foundation ဥက္ကဋ္ဌ နှင့်အခြားအစိုးရမဟုတ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းများ မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအားဖိတ်ကြားပြီး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)