ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် အရာထမ်း ရာထူးများ အတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် အရာထမ်း ရာထူးများ အတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုအားပေး


နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၂/၂၀၂၁)၊ (၄/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁)တို့ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၃၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ် ရာထူး(၈၉၀)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် တာဝန်ရှိ သူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ် (၇)နှင့် (၁၁) အခြေခံပညာ အထက်တန်း ကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို့လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ အမှတ်(၈)နှင့် (၁၁) အခြေခံပညာအထက်တန်းကျောင်း များရှိ မန္တလေးစာစစ်ဌာနများ သို့လည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး ဖြေဆိုသူများကို လိုက်လံ အားပေးစကား ပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည် အသွေးမြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကိုရွေးချယ် ပေးလျက်ရှိရာတွင် အရည်အချင်း ကို အခြေခံ၍လူမှန်၊ နေရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ရေး လုပ်ငန်းစဉ်များအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုရေးဖြေစာမေးပွဲသို့ လာ ရောက်ဖြေဆိုကြသူ စုစုပေါင်း (၂၉၇၇)ဦး ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)