နမ္မတူမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်



နမ္မတူ၊ ဒီဇင်ဘာ  ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ  နမ္မတူမြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့သည်။

ထို့သို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်တို့က နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀)ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။ 

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လအတွက် တစ်လလျှင် ငွေကျပ်(၁၀၀၀၀)ကျပ်၊ စုစုပေါင်း (၃)လအတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း သက်ကြီးဘိုးဘွား (၁၃၉)ဦးအတွက်  ငွေကျပ် (၃၉၀၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံက သိရသည်။

သတင်း - လူမော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)