တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ


တန့်ယန်း၊ ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အား ထိုးနှံပေးပြီးဖြစ်ရာ ဒုတိယအကြိမ် ဆေးထိုးနှံရန် ရက်ပြည့်မြောက်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ် (၁) ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း များက ထိုးနှံပေးရာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - မင်းလွင်ဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)