တာချီလိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ



တာချီလိတ်၊ ဒီဇင်ဘာ   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးကို ယနေ့နံနက် ၉ နာရီမှစတင်၍ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောင်မြတ်ခန်းမ၊ ဆန်ဆိုင်းရပ်ကွက်၊ ပါလျှံဘုံကျောင်းတို့၌ ဒုတိယ အကြိမ် အဖြစ်ထိုးနှံပေးလျက်ရှိပြီး ဖန်မင်ကျေးရွာတွင် ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက် ရှိကြောင်း၊ အောင်မြတ်ခန်းမတွင် (၄၀၉) ဦး၊ ဆန်ဆိုင်းရပ်ကွက်တွင် (၁၁၁၇) ဦး၊ ပါလျှံဘုံကျောင်း တွင် (၉၃၀) ဦးနှင့် ဖန်မင်ကျေးရွာတွင် ပထမအကြိမ် အဖြစ် (၄၅) ဦး၊ စုစုပေါင်း (၂၅၀၁) ဦးကို ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ယာဆေး

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)