ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ   ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၃၉(B)လမ်းနှင့် ၁၃၉(C)လမ်းကြားတွင် ရပ်တန့်ထားသည့် Nissan Diesel ၆ ဘီး ကရိန်းမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်မောင်း သန့်ဇင်ဦး(၂၆)နှစ်၊ မိုးဟိန်း(၂၄)နှစ်တိုနှင့်အတူ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)