မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ


မိုင်းကိုင်၊ ဒီဇင်ဘာ   ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းအုပ်စု များကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield, Sinopharm ၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဟူ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ  ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်း လူဦးရေ၏ ၇၅.၇၄%ကို ထိုးနှံပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေ ၂၃၀၅၇ ဦး ရှိသည့်အနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၇၆၉၀ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၃၅၄၅ ဦးနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်း  ၇၆.၇၂% ရှိပြီး၊ အသက် ၁၂ နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား  ကာကွယ်ဆေး ထိုးနှံပေးရန်  အကျုံးဝင်သူဦးရေ ၁၁၃၃ ဦး ရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၆၃၂ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၈၆ ဦးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာခိုင်နှုန်း  ၅၅.၈ % ရှိပြီဖြစ်သည်။

သို့ဖြစ်၍  မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်  အကျုံးဝင်သူ ဦးရေ ပေါင်း ၂၄၁၉၀ ဦး ရှိသည့်အနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၃၂၂ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၃၉၃၁ ဦး၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်း  ၇၅.၇၄% ရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများအားလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး တာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

သတင်း - ချော

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)