တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး


တန့်ယန်း၊ ဒီဇင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်း စီမံချက်နှင့်အညီ အသက် (၁၆) နှစ်ပြည့်ပြီးသည့် အခြေခံပညာ ကျောင်းသား/ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ၌ ဆောင်ရွက်ပေး ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ပေးမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်း စီမံချက်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေ မှုတွင် အသက် (၁၆) နှစ်ပြည့်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေရာ အခက်အခဲမရှိစေရရန် သက်ဆိုင်ရာ ကျောင်းအုပ် ကြီးများ နှင့် ဆရာ/ဆရာမများက စိစစ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ခဲ့ကြသည်။

အဆိုပါ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများမှ အသက် ၁၆ နှစ်ပြည့်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - မင်းလွင်ဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)