ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း၊ ရေတာနေရောင်ခြည်သုံး အသေးစားလျှပ်စစ် ဓာတ်အားစက်ရုံ ဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း၊ ရေတာနေရောင်ခြည်သုံး အသေးစားလျှပ်စစ် ဓာတ်အားစက်ရုံ ဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 


မြန်အောင်၊ ဒီဇင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း တို့သည် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘန့်ဘွေးကုန်း၊ ရေတာ နေရောင်ခြည်သုံး အသေးစား လျှပ်စစ်ဓာတ်အား စက်ရုံ ဓာတ်အား စနစ်စီမံကိန်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘန့်ဘွေးကုန်းကျေးရွာ အုပ်စုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  Mega Global Green Company မှတာဝန်ယူ ဆောင်ရွက်သည့် ဘန့်ဘွေးကုန်း၊ ရေတာ နေရောင်ခြည်သုံး အသေးစားလျှပ်စစ် ဓာတ်အားစက်ရုံ အသေးစား Solar လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ကြပြီး ကျေးရွာအတွင်း လျှပ်စစ်မီး သုံးစွဲနေမှုကို လှည်လည်ကြည့်ရှု့၍ ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော  အသေးစား Solar လျှပ်စစ်စီမံကိန်းကြောင့် မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု  ဘန့်ဘွေးကုန်း ကျေးရွာနှင့် ရေတာကျေးရွာတို့ရှိ အိမ် ခြေ (၂၉၄)အိမ်၊  ဘုန်းကြီး ကျောင်း (၂)ကျောင်း၊ စာ သင်ကျောင်း(၂)ကျောင်း၊ ဆေးခန်း(၁)ခန်းမီးသွယ်တန်းပြီး (၁၂-၈-၂၀၂၁) ရက်နေ့မှစ၍ လျှပ်စစ်မီးစတင်ပေးဝေအသုံး ပြုလျက်ရှိကြောင်းနှင့် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂျိတ်တောကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   Smart Measurement  & Control Co.,Ltd. မှ တာဝန်ယူ ဆောင်ရွက်သည့် Solar Mini-Grid မီးလင်းရေးဆောင်ရွက်မှုကြောင့် တပ်ကုန်း၊ ရွာသစ်၊ ဂျိတ်တောရွာတို့ရှိ အိမ်ခြေ (၁၃၄)အိမ်၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း လျှပ်စစ်မီးသွယ် တန်းပြီး (၇-၃-၂၀၂၁) ရက်နေ့မှစ၍ မီးစတင်ပေးဝေ အသုံးပြုလျက်ရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ဝင်းဗိုလ် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)