မုဒုံမြို့ တော်ကူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ‌နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့ တော်ကူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ‌နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး


မုဒုံ၊ ဒီဇင်ဘာ   ၁၂

“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ် ကိုင်ကြစို့”ဟူသည့်  ဆောင်ပုဒ်နှင့်အညီ  နိုင်ငံသားတိုင်း ဥပဒေအရ  ကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့ တော်ကူးကျေးရွာ ပြည်သူများ အား အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး  ဦးအောင်မော် က ဦးဆောင်ကြီးကြပ်၍   ဝန်ထမ်းများက  တော်ကူးကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများ အသစ်ပြုလုပ်ပေးခြင်း၊ ၃ (က) ၂ ဦး၊ ၆ (က) ၁ ဦး၊ လဲလှယ်(၃၅) ဦး၊ မိတ္တူ (၈)ဦး စုစုပေါင်း(၄၆)ဦးနှင့်  အိမ်ထောင်စု လူဦးရေစာရင်း (၄၆)စုကို စိစစ်ပေးခြင်း၊ သေဆုံးပယ်ဖျက် (၃) ဦးတို့ကို ပြုလုပ်ပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊  မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း  ယနေ့အချိန်အထိ လူဦးရေ (၆၀၀၀)ခန့်ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)