ညောင်ရွှေမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဈေးများအတွင်း ရောင်းချလျက်ရှိသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိ ဈေးရောင်းချသူပေါင်း (၁၀၅၀)ဦး ထိုးနှံပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဈေးများအတွင်း ရောင်းချလျက်ရှိသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိ ဈေးရောင်းချသူပေါင်း (၁၀၅၀)ဦး ထိုးနှံပြီးစီး


ညောင်ရွှေ၊ ဒီဇင်ဘာ  ၁၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အတွင်းရှိ သည်ပင်သာယာရေး ဌာနပိုင်ဈေးများအတွင်း ရောင်းချလျက်ရှိကြသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်းနှင့် ဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေး ထိုးနှံပြီးသည့် ဈေးသည်များကိုသာ ဌာနပိုင် ဈေးများအတွင်း ဈေးရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ မြို့နယ်အတွင်းရှိ ဌာနပိုင် ဈေးပေါင်း (၁၁)ဈေးအတွင်းရှိ ဈေးရောင်းချသူ ဈေးသည်ပေါင်း (၁၀၅၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)