ရန်ကုန်၊ ဒီဇင်ဘာ
ကချင်ပြည်နယ်၊သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် ထောင် ၂နှစ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းသည် ဝန်ထမ်းများရုံးမတက်ရန်နှင့် နောက်အစိုးရသစ်မတက်မချင်း ရုံးပိတ်ထားကြောင်း သွေးထိုးလှုံဆော်သည့်စာကို လက်မှတ်ထိုးဖြန့်ဝေခဲ့သောကြောင့် ယခုနှစ် ဖေဖော်ဝါရီ ၉ရက်တွင် ဖမ်းဆီးတရားစွဲဆိုခံရခြင်းဖြစ်သည်။
ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment