သမ္မတရှီကျင့်ဖိန်က တန်ဂန်ရီကာနိုင်ငံ နှစ် ၆၀ ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားအတွက် တန်ဇန်းနီးယား သမ္မတထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမ္မတရှီကျင့်ဖိန်က တန်ဂန်ရီကာနိုင်ငံ နှစ် ၆၀ ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားအတွက် တန်ဇန်းနီးယား သမ္မတထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 


ပေကျင်း၊ ဒီဇင်ဘာ ၉ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ သမ္မတ Samia Suluhu Hassan ထံ တန်ဂန်ရီကာနိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာထဲတွင် တန်ဇန်းနီးယားနိုင်ငံ အစိုးရအဆက်ဆက်နှင့် နိုင်ငံတွင်းရှိ ပြည်သူများအားလုံး ပူးပေါင်းကြိုးပမ်းမှုများနှင့်အတူ တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ၏ အမျိုးသားတည်ဆောက်မှုတွင် ဖွံ့ဖြိုးပြီး ထူးထူးခြားခြား အောင်မြင်မှုများ ရရှိခဲ့ကြောင်း သမ္မတရှီက အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့သည် လေးနက်သော ချစ်ကြည်ရင်းနှီးမှုကို အတုယူကြပြီး နှစ်နိုင်ငံ၏ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ထားကြောင်း ၊ မကြာသေးမီနှစ်များအတွင်း နယ်ပယ်အသီးသီးတွင် အပြန်အလှန်အကျိုးပြုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်လာခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်-တန်ဇန်းနီးယားနှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးကြီးကြောင်း ရှီက ပြောကြားခဲ့ပြီး  နှစ်ဖက်အကြား အဆင့်မြင့်ကိုယ်စားလှယ်အဆင့် win-win ပူးပေါင်းဆောင်ရွက်မှု နှင့် အကျိုးရလဒ်များအတွက် နှစ်နိုင်ငံ၏ ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်းလည်း ရှီက ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)