ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး




ငါန်းဇွန်၊ ဒီဇင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၇ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့ နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (၁၁)ဦး၊ မြို့သာဇုံမှ (၂၉၀)ဦး၊ ငါန်းမြာဇုံမှ (၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၅)ဦး၊ သားကျင်ဇုံမှ (-)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (၁၄၂)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလား ရွာဇုံမှ (၁၂)ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ စုစုပေါင်း (၄၇၅) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ဒီဇင်ဘာ ၇ရက်မှ ၂၇ရက်နေ့အထိ မြို့နယ်အတွင်းမှ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ(၃၂၆၈)ဦး ထိုးနှံပြီးကြောင်း သိရသည်။ 

သတင်း - သက်နောင်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)