တောင်ကြီး၊ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ယနေ့အစည်းအဝေး ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝရရှိ ခံစားနိုင်စေရန်နှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျား၊ မရေးရာ တန်းတူညီမျှမှုရရှိစေရေး၊ ကလေးသူငယ်များ အခွင့်အရေးရရှိစေရေး အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးနိုင်ကြရန် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံနိုင်စေမည့်စနစ်များ၊ ဥပဒေများ၊ နည်းဥပ ဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိ နားလည်ဆောင်ရွက်နိုင်စေရန်လည်း ရည်ရွယ်ပါကြောင်း၊ ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက် လာကြသူများမှ အထွေထွေဆွေးနွေး တင်ပြ ကြကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း(တောင်ကြီး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment