ကသာမြို့နယ်၌ လူဦးရေပေါင်း(၂၂၀၉၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်အထိ ထိုးနှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့နယ်၌ လူဦးရေပေါင်း(၂၂၀၉၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်အထိ ထိုးနှံပြီးဖြစ်


ကသာ၊ ဒီဇင်ဘာ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိ လာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ပထမအကြိမ်နှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း  ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၂၈)ရက်အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် လူဦးရေပေါင်း(၂၂၀၉၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဒီဇင်ဘာလ(၂၈)ရက်နေ့အထိတွင် လူဦးရေပေါင်း (၁၉၄၉၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ဒီဇင်ဘာလ(၂၈)ရက်နေ့အထိတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၉၅၆)ဦးအား ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့် ကျောင်းသား၊ ကျောင်းသူ များအား ပထမအကြိမ်ထိုးနှံခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)