ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ရွာတွင်း လျှပ်စစ်သစ်သားတိုင်များအစား ကွန်ကရစ်တိုင်များ လဲလှယ်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ရွာတွင်း လျှပ်စစ်သစ်သားတိုင်များအစား ကွန်ကရစ်တိုင်များ လဲလှယ်ပြီးစီး


ဝန်းသို၊ ဒီဇင်ဘာ  ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ခပ်ချို ကျေးရွာတွင် အဆိုပါစီမံကိန်းအတိုးရငွေဖြင့် ရွာတွင်း(၄၀၀) လျှပ်စစ်ဓာတ်အားလိုင်း (၄၂၅၀ ပေ)အတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင်နှင့် သံလက်တန်းများ လဲလှယ်ခြင်း လုပ်ငန်းကို  ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများပြီးစီးမှု အခြေအနေကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ရွာခွဲအုပ်ချုပ်ရေးမှူးများက  ယနေ့နံနက် ၁၀နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ (၄၀၀) ဗို့အားလိုင်း (၄၂၅၀)ပေအတွင်းရှိ သစ်သား တိုင်များအစား ကွန်ကရစ်တိုင်(၄၅)တိုင်နှင့် သံလက်တန်းများ (၅၅)ခုကို လဲလှယ်ခြင်း၊ တိုင်ခြေ (Footing)  ၂ ပေပတ်လည် ကွန်ကရစ် လောင်းခြင်း လုပ်ငန်းများကို   မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရ ငွေကျပ်(၈.၉) သန်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့ကျေးရွာ လျှပ်စစ်မီးရရှိကတည်းက စိုက်ထားတဲ့ သစ်သားတိုင်တွေက ကြာတော့ ဆွေးမြေ့ကုန်ပြီ၊ လမ်းသွားလမ်းလာတွေ အတွက်လည်း အန္တရာယ်ရှိတယ်၊ ဒါကြောင့် မြစိမ်းရောင်ရန်ပုံငွေနဲ့ ပထမဦးဆုံး အသုံးပြုပြီး လဲလှယ်ဆောက်ရွက်ခြင်း ဖြစ်ပါတယ်၊ အခုတော့ လျှပ်စစ်အန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ မီးသုံးစွဲရလို့ အားလုံးလည်း ပျော်ရွှင်နေကြပါတယ်၊ နောင်နှစ်တွေလည်း စီမံကိန်းကရရှိတဲ့အတိုးရငွေနဲ့ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင် သွားမှာပါ"ဟု ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှစတင်၍  ကျေးရွာပေါင်း(၃၅)ရွာထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် သုံးနှစ်ပြည့် (သို့မဟုတ်) အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၁၇ ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)