ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး

 


ဖားဆောင်း၊ ဒီဇင်ဘာ   ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် အသက်(၁၈)နှစ်အထက် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု(၁) ဒေါ်သက်သက်ထွေးနှင့်  ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုး စသည့် ရောဂါများ စစ်ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး ရှိ/မရှိ မိနစ်(၃၀)ခန့် စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - နန်းသဲနုအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)