ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ


ကွမ်းလုံ၊ ဒီဇင်ဘာ   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်လဝကဦးစီးမှူး ဦးစောသန်းမြင့် ၊ ဒုလဝကမှူး ဦးကျော်စွာတင့်နှင့် ဝန်ထမ်းများက ကွမ်းလုံမြို့နယ် ကာမိန်းကျေးရွာအုပ်စုနှင့် ဖာပိန်ကျေးရွာအုပ်စုများရှိ မြောင်ဇီးတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကာမိန်းကျေးရွာအုပ်စုနှင့် ဖာပိန်ကျေးရွာအုပ်စုများရှိ မြောင်ဇီး တိုင်းရင်းသားများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူအမျိုးသား(၅)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး (၁၃)ဦး စုစုပေါင်း မြောင်ဇီးတိုင်းရင်းသား(၄၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ (၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ရာဒီဇင်ဘာလ (၄)ရက်နေ့ အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်(၁၉၈)ခုနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသား မှတ်ပုံတင် (၁၀၂၇)ခု စုစုပေါင်းနိုင်ငံသားမှတ်ပုံတင်(၁၂၂၅)ခုအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)