ကံမမြို့၌ ဇီဝိတဒါန အောက်ဆီဂျင်စက်ရုံ ရေစက်ချအလှူတော်နှင့်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့၌ ဇီဝိတဒါန အောက်ဆီဂျင်စက်ရုံ ရေစက်ချအလှူတော်နှင့်ဖွင့်ပွဲအခမ်းအနားကျင်းပ


ကံမ၊ ဒီဇင်ဘာ   ၅

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုပေးရာတွင် အောက်ဆီဂျင်ပြည့်ဝစွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်များ၊ ပြည်သူများနှင့်စေတနာရှင်အလှူရှင်များ စုပေါင်း လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီး၍ စတင်လည်ပတ်နေပြီဖြစ်သဖြင့် အောက်ဆီဂျင်စက်ရုံ ရေစက်ချ အလှူတော်နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ကံမမြို့နယ်သာသနာ့ဗိမာန်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဆရာတော်၊သံဃာတော်များမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲကို အောက်ဆီဂျင်စက်ရုံရှေ့၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် မြို့မိ မြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် ယွန်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ က ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။

အောက်ဆီဂျင်စက်ရုံမှာ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး(၈၀)ထုတ်လုပ်နိုင်ပြီး အဆိုပါစက်ရုံတည်ဆောက်ရာ၌ အလျား ၃၀ ပေ နှင့် အနံ ၂၄ ပေ ရှိသည့် အဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် တစ်ရာတစ်ဆယ့်ရှစ်သိန်း ထောက်ပံ့ခဲ့ပြီး  အလူရှင်စေတနာရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်အား ဝယ်ယူခဲ့ရာ စုစုပေါင်း ငွေကျပ် သိန်းပေါင်း တစ်ထောင့်နှစ်ရာကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။မြို့နယ် အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုများကို ပြည့်ဝစွာ အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေးလျှက်ရှိကြောင်းသိရသည်။

သတင်း - ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)