NLD, ၈၈ နိုင်ငံရေးလှုံ့ဆော်သူများ၏ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုကြောင့် လမ်းပေါ်ထွက် ဆူပူအကြမ်းဖက်သူများကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းခဲ့ရာ NLD, PDF အကြမ်းဖက်အဖွဲ့ဝင် ၃ဦးသေ၊ ၅ဦးဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD, ၈၈ နိုင်ငံရေးလှုံ့ဆော်သူများ၏ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုကြောင့် လမ်းပေါ်ထွက် ဆူပူအကြမ်းဖက်သူများကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းခဲ့ရာ NLD, PDF အကြမ်းဖက်အဖွဲ့ဝင် ၃ဦးသေ၊ ၅ဦးဖမ်းမိ



ရန်ကုန်၊ ဒီဇင်ဘာ ၅

NLD, ၈၈ နိုင်ငံရေးလှုံ့ဆော်သူများ၏ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများကြောင့် ယနေ့ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းပေါ်ထွက်ဆူပူသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းရာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်များက ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆူပူအကြမ်းဖက် လှုံ့ဆော်ခဲ့ကြရာ လုံခြုံရေးအဖွဲ့တပ်ဖွဲ့ကား လာသည့်အချိန်တွင် ထွက်ပြေးသဖြင့် လိုက်ဖမ်းရာမှ လုံခြုံရေးတပ်ဖွဲ့ယာဉ်ဖြင့် တိုက်မိပြီး သုံးဦး သေဆုံးခဲ့ပြီး ၅ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့ပေါ်တွင် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ အကြမ်းဖက်ခေါင်းဆောင် ဂျင်မီ၊ NLD ပါတီမှ လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်တို့ကို ဖမ်းဆီးရမိပြီးနောက် NLD, ၈၈ အကြမ်းဖက် လှုံ့ဆော်သူများအနေဖြင့် ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ရန် အစီအစဉ်ရေးစွဲထားသည်များကို ဖော်ထုတ်ဝန်ခံခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လှုပ်ရှားသူများကို ဖော်ထုတ်ဖမ်းဆီးနေချိန်တွင် NLD, PDF အကြမ်းဖက်သမားများ ဆိုင်းဘုတ်ကိုင်၍ လမ်းပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် NLD ပါတီမှ အကြမ်းဖက်ခေါင်းဆောင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ခိုင်းစေချက်ကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)