အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေး လျက်ရှိ

ဖျာပုံ၊ ဒီဇင်ဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ ကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ နေရာချထားပြီး၊ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ၊ ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်(၂)ခု ထားရှိပြီး၊ ဆေးထိုးစုရပ်တစ်ခုလျှင် လူဦးရေ(၂၅၀) ဦးနှုန်းဖြင့် ဖျာပုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - အောင်ဝင်းနိုင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)