ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး


 

ကျောက်တန်း၊ ဒီဇင်ဘာ   ၁၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ ပြည်သူများအား  ဦးစားပေးအုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Sinopharm  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ကျောက်တန်းမြို့မြို့နယ် ပြည်သူ့ဆေးရုံတွင်  ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်း ဖြစ်ပြီး လာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 “ကျွန်မတို့အနေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာလည်း ထိုးနှံပေးနေသလို ရပ်ကျေးတွေမှာ ကွင်းဆင်းပြီးရပ်ကွက် ဓမ္မာရုံနဲ့တခြား ကျယ်ကျယ် ပြန့်ပြန့်ရှိတဲ့ နေရာတွေမှာ စုရပ်အဖြစ် ဆောင်ရွက်ပြီး ထိုးနှံပေးခြင်းဖြစ်ပါတယ်၊ ဆေးထိုးတဲ့အချိန်မှာလည်း လူစုလူဝေး မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ရပ်ကွက်မှာ စုရပ်နေရာခွဲပြီး ထိုးနှံပေးတာ ဖြစ်ပါတယ်၊ မထိုးနှံရသေးတဲ့ သူတွေအနေနဲ့လည်း အလှည့်ကျ ရောက်ပါကထိုးနှံနိုင်ရန် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံစာရင်းပေးသွင်းနိုင်ပါတယ်၊ ခုဆိုရင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှု ဟာဆိုရင် နိုင်ငံပေါင်း (၆၃)နိုင်ငံအထိ ကူးစက်ပျံ့နှံ့မှုတွေ ရှိလာပြီဖြစ်ပါတယ်၊ မထိုးနှံရသေးတဲ့ပြည်သူတွေ အနေနဲ့လည်း အလှည့်ရောက်ပါက ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်” မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ ဒေါ်ခင်အေးမော်က ပြောကြားသည်။

ကျောက်တန်းမြို့နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၉၈၄၁)ဦး ဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်(၂) ကြိမ်လုံးထိုးနှံပြီးစီးသူ (၇၆၆၃၈) ဦးထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

သတင်း - ခင်ဆွေဝင်း  

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)