မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ


မြဝတီ၊ ဒီဇင်ဘာ   ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က     ရပ်ကွက်/ကျေးရွာများမှ  အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်း ကောက်ခံယူလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးအောင်ကျော်နိုင်က ပန်းခင်းစီးမံချက်ဖြင့် ရက်ကွက်/ကျေးရွာများအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာ ယနေ့အထိ ၅၀.၃၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြာင်း တင်ပြဆွေးနွေးသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးဦးလင်းနိုင်စိုးက  အခြေခံမဲဆန္ဒရှင် စာရင်းအသေးစိတ်အချက်အလက်များ ပြုစုထားရှိမှုအခြေနေနှင့် အိမ်ထောင်စုသန်းခေါင်းစာရင်း အသေးစိတ်ကောက်ခံမှုအခြေအနေများနှင့် ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူမှ ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မန်းသန်းရွှေမြင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)