ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးရေဖူလုံစေရေး ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးရေဖူလုံစေရေး ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ


ကျောက်ဆည်၊ ဒီဇင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၇၆.၂၁)ကျပ်သန်းဖြင့် သောက်သုံးရေဖူလုံစေရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ (၁၇.၆၂၁) ကျပ်သန်းဖြင့် ရေဂါလံ (၅၀၀၀)ဆံ အုတ်ရေကန်တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာတွင်း ရေသွယ်တန်းခြင်းအတွက် အကျယ်(၂)ပေ (VPC) ရေပိုက်(၆၀၀၀)ပေ ဆောင်ရွက်နေခြင်း ဖြစ်သည်။

လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ (နည်းပညာ)တို့ကကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများ ပြီးစီးသွားပါက အိမ်ခြေ(၃၆၉)အိမ်၊ လူဦးရေ (၁၈၀၄)ဦးအတွက် သောက်သုံးရေဖူလုံသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)